ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်အမျိုးသမီး(၂)ဦး ထပ်မံဝင်ရောက်

ကျီခါး     နို၀င်ဘာ    ၂၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က နေရပ်ပြန် အမျိုးသမီး ( ၂ ) ဦး ကျီခါးမြို့သို့  ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

ယနေ့ထပ်မံဝင်ရောက်လာသည့် နေရပ်ပြန်အမျိုးသမီး(၂)ဦးမှာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာမှ  အသက် (၁၈) နှစ်အရွယ် အမျိုးသမီး (၂) ဖြစ်ပြီး အဆိုပါနေရပ်ပြန်( ၂ ) ဦးအား ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ကျီခါးမြို့ Facility Quarantine Center၌  အသွားအလာကန့်သတ်ပြီး   ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်ထားလျက်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံမှနေရပ်ပြန်လာပြီး ကျီခါးမြို့၌ Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၅) ဦးရှိကြောင်း ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)