မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျန်းမာရေးလိုက်စားသူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် လှုပ်လှုပ်ရှားရှား လူထုအားကစား ပြိုင်ပွဲ Online မှတစ်ဆင့်ကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၁

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနည်းပါးစေရေးအတွက် Stay at Home နေထိုင်စဉ်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်မာရေးလိုက်စားသူများ လိုက်ပါလှုပ်ရှား ဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance အစီအစဉ်အားပြုလုပ်လျက်ရှိရာ မြို့နယ်အားကစားလှုပ်ရှားမှု Facebook Account နှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန IPRD Mawlamyinegyun Facebook Page တို့တွင် အပတ်စဉ် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အားကစား စိတ်ပါဝင်စားသူ လူငယ်၊လူရွယ်များ အဆိုပါ Physical Fitness Dance ကို Online ကတစ်ဆင့် အားလုံးပါဝင် နိုင်စေရန် ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲ Physical Fitness Dance Online Challenge ကို ဆောင်ရွက်နေပြီဖြစ်သည်။

မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသော အားကစားဝါသနာရှင်များအနေဖြင့် ပြိုင်ပွဲဝင်သတ်မှတ် ထားသော သီချင်း ၈ ပုဒ်နှင့် စိတ်ကြိုက်သီချင်းတစ်ပုဒ်အား online မှ နည်းပြများ ပြသထားသည့်အတိုင်း လိုက်ပါကစားရင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များ အတွက် သတ်မှတ်ထားသည့် စည်းမျည်းများအတိုင်း ပွဲစဉ်များအလိုက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယှဉ်ပြိုင်မှုများအားလည်း Facebook, Page, Account များတွင် တင်ဆက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသော ပြည်သူများ၊ ကျန်မာရေး လိုက်စားသူများအနေနှင့် ဝင်ရောက်ကြည့်ရှု၍ ပြိုင်ပွဲဝင်များနှင့်အတူ လိုက်ပါလှုပ်ရှား ပါဝင်ကစားနိုင်ပါကြောင်း သိရှိရသည်။

သီတာအောင်(ပြန်/ဆက်)