ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ကျုံပျော်   ဇန်နဝါရီ   ၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော  ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ပုသိမ်ခရိုင် ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ပန်းချီ ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြီး ကလေးစာပေပွဲတော်သို့ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

အောင်သူဟန်၊ ကိုနေဝင်း  (ပြန်/ဆက်)