ရွှေသောင်ယံ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၅၆)စု အတွက် အလှူရှင်မှဆန်များ လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၁) ရပ်ကွက်ရှိ ရွာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သစ်လွင်ဆန်စက်(ကျုံမငေး)မိသားစုမှ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံလူတန်းစား (၁၅၆)စုအား အိမ်ထောင်တစ်စုလျှင် (၄)ပြည်နှုန်းဖြင့် အဆိုပါမိသားစုများထံသို့ ကိုယ်တိုင်လာရောက်လှူဒါန်းပေးရာ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)