နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ(၁)ဦးတွေ့ရှိ

နောင်ချို နိုဝင်ဘာလ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့မှ ဟိုပန် ပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့သည့် အမျိုးသား(၂)ဦး၊အမျိုးသမီး(၅)ဦး၊ ကလေး(၁)ဦးတို့အား နောင်ချိုမြို့ အထက(၁) Quarantine Centre ၌ နိုဝင်ဘာလ ၂၀ ရက်နေ့က ထားရှိပြီး ကျန်းမာရေးစစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှ အမျိုးသမီး(၁)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုး တွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် နောင်ချိုမြို့ဈေးရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ နောင်ချိုမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ပြောင်းရွေ့ဆေးကုသမှုပေးလျက်ရှိပြီး ၎င်း၏ မိသားစုနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို Quarantine Centre ၌ ထားရှိထားပြီးဖြစ်သည်။ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ၏ နှာခေါင်း၊ အာခေါင်တို့ပတ်များကို မန္တလေးဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

 ထွေးငယ်(နောင်ချို-ပြန်ဆက်)