မိုင်းပျဉ်း ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ခန်းမ၌ ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မေမွန်ထွဋ်က ကလေးငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ပြိုင်ပွဲတွင် လူမှုဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က မုန့်စားပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ စသည့် အားကစားနည်းများကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)