တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာရယူ စစ်ဆေးဆောင်ရွက်

တန့်ယန်း  နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယမန်နေ့ ညနေ ၃ နာရီခွဲက ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်၌ တို့ပတ်ဓာတ်ခွဲနမူနာရယူ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အသက်(၃၀)နှစ်ရှိ အမျိုးသားတစ်ဦးသည် တစ်လကျော်ကြာ ချောင်းဆိုးနေခြင်းကြောင့် တန့်ယန်း ပြည်သူ့ဆေးရုံသို့ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်၍ ဆေးကုသရန် သွားရောက် စစ်ဆေးခဲ့ရာ RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် လူနာနှင့် ထိတွေ့ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း (၃၅)ဦးအား နှာခေါင်းနှင့် အာခေါင်တို့မှ တို့ပတ် ဓာတ်ခွဲနမူနာ ဒုတိယအကြိမ် ရယူရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ဓာတ်ခွဲနမူနာများအား အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း  သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)