အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

အမာ         နိုဝင်ဘာ                  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင်လူသွားလူလာများပြားသည့် စျေးနှင့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၈)နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးများ၊ ဈေးဝယ်သူများနှင့်ဈေးသည်များ လမ်းသွားလမ်းလာ ဖြတ်သန်းမှုများသည့် လမ်းများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ၊ (Face Shield)များ အခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးပြောကြားမှုများဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုတွင် အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့မီးသတ်တပ်ဖွဲ့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများပူးပေါင်းပါဝင်လျက် Mask (၃၀၀)ခု၊ နှင့် (Face Shield) (၂၀၀)ခု အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နော်လေး(အမာ)