လားရှိုး နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်များအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက် ၉နာရီ ၃၀ အချိန်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၊ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ ထံသို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ဆန်အိတ်(၅၀)အိတ်အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)