ဟိုပန် နိုဝင်ဘာ ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက် (၇)နာရီအချိန်က ဟိုပန်မြို့မဈေး၊ မြို့လည်အဝိုင်းနှင့် လွတ်လပ်ရေးကျောက်တိုင်လမ်းဆုံ စုစုပေါင်း(၃)နေရာတို့တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများ၊ ဈေးသည်များနှင့် ဈေးဝယ်သူ များကို နှာခေါင်းစည်းMaskများတပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် သည့် ပြည်သူများသို့ပန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိ ပညာပေးနှိုးဆော်ခြင်းကို အသံချဲ့စက်နှင့် Hand Speaker များဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ၏လမ်းညွှန်မှု၊ ဟိုပန်ခရိုင်အုပ်ချုပ် ရေးမှူး ဦးဇော်နိုင်ဦး၏ကြီးကြပ်မှုတို့ဖြင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ နှာခေါင်းစည်း Mask အခုရေ ၁၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ ပြီး ဈေးသည်များနှင့် ဈေးဝယ်သူများကို Mask များတပ်ဆင်ရေး နေ့စဉ် ဟိုပန်မြို့နယ်စည်ပင် သာယာရေးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)