စစ်ဆေးရေးဂိတ်မှ ပိုးတွေ့လူနာနှစ်ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

မတ္တရာ  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကိုဗစ်၁၉ရောဂါစစ်ဆေး ဂိတ်တွင် ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့ဆေးရုံတွင် ကိုဗစ်၁၉ရောဂါ အတည်ပြုလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေ သူနှစ်ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသူနှစ်ဦးမှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင်လာရောက်စစ်ခဲ့သည့် ပြည်ကြီး တံခွန်မြို့နယ်မှ အသက်(၃၉)နှစ်အရွယ် ယာဉ်နောက်လိုက်အမျိုးသားတစ်ဦးနှင့် ချမ်းအေးသာစံမြို့နယ်မှ အသက် (၂၄)နှစ်အရွယ်ရှိ ယာဉ်မောင်းအမျိုးသား()ဦးတို့မှာ ရောဂါသက်သာ ပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ကြောင်းသိရသည်။

မတ္တရာပြည်သူ့ဆေးရုံတွင် ကိုဗစ်၁၉ရောဂါ အတည်ပြုလူနာ ၁၃ ဦး အား ဆက်လက် ကုသစောင့်ကြည့်နေ ပြီး လူနာအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)