ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင်ရုံး အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

ဟိုပန်        နိုဝင်ဘာ       ၂၁

 “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် နာရီအချိန်က အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 နံနက် (၀၅:၃၀)နာရီအချိန်တွင် သံဃံတော်အရှင်သူမြတ်()ပါးအား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ် တရားတော်များနာယူကာ အရုဏ်ဆွမ်းကပ်လှူပြီး နံနက်()နာရီတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံအောင်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး အဖွဲ့၊အလုပ်အမှု ဆောင်ကော်မတီဝင်ဦးရန်ကျော်၊ ခရိုင်ဦးစီးအရာရှိ ဦးသိန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေးနံ့သာရည်ဖြင့် ဖျန်းပက်ပေးခဲ့သည်။

အဆိုပါ အဆောက်အဦသည် (၆၈×၃၀×၂၀)Steel Structure အဆောက်အဦဖြစ်ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ခွင့်ပြုငွေကျပ်(၁၁၃.)သန်းဖြင့် Lucky Golden(KME)ကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အောက်ထပ် (၄၀×၃၀)တွင် စာကြည့်တိုက်နှင့် ပြတိုက်ငယ် ကို လည်းကောင်း၊ အောက်ထပ်(၂၀×၁၀)တွင် ကလေးစာဖတ်ခန်းကို လည်းကောင်း၊ အပေါ်ထပ်(၄၀×၃၀)ခန်းမကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမအဖြစ် ထားရှိကာ သင်တန်းများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများပြုလုပ်ခွင့် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်