ကြံခင်းမြို့တွင် ဆရာ ၊ မိဘ ကျောင်းသား/သူများ ပညာရေးစုံညီပွဲတော် ကျင်းပ

ကြံခင်း  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ဆရာ မိဘ ကျောင်းသား/ကျောင်းသူများ ပညာရေးစုံညီ ပွဲတော်ကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း ( အ.ထ.က-၁) ကတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်း (အ.ထ.က-၁) ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်ဒို့နွှဲပျော် သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လှိုင်က စုံညီပွဲတော် ကျင်းပရခြင်းကို လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်းက ကျောင်းသား/ကျောင်းသူလေးများ လူတော် လူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပုံကိုလည်းကောင်း၊ ဆရာ မိဘ ပူးပေါင်းပြီး အနာဂတ် လူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ဉာဏစွမ်းရည်ဆုရရှိသော ကျောင်းသား ၊ ကျောင်းသူ (၇၈) ဦးကို လည်းကောင်း၊ ကာယစွမ်းရည်ဆုရရှိ‌သော ကျောင်းသား/ကျောင်းသူ (၂၁) ဦးကိုလည်းကောင်း၊ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြပြီး  စုံညီပွဲတော်အား ကံစမ်းမဲနှိုက်ခြင်းများ ဈေးရောင်ပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွား ကျင်းပခဲ့ကြောင်း သိရသည်။          

မိုးမိုး  (ပြန်/ဆက်)