ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်

ကျီခါး     နို၀င်ဘာ    ၂၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာ လှပရေးနှင့်စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့နည်း စေရန်ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့အုပ်ချုပ်ရေးမှူးဦးနေ‌‌ဇော် အောင်ဦးဆောင်သည့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်ဒေသခံပြည်သူများ ပူးပေါင်းပြီး မြို့သန့်ရှင်းသာယာ လှပရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျှော့နည်းစေရေးနှင့်စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အထများရရှိစေရန် အတွက်  ကျီခါးမြို့ မိုးလုံလေလုံအားကစားခန်းမှစတင်၍ မြို့အထွက် မြန်မာ-အိန္ဒိယ နယ်စပ်ခင်းမန်း ကျေးရွာလမ်းအထိ ဗိုလ်ချုပ် လမ်းမတစ်လျှောက်နှင့် သတ္တမနေ့အသင်းတော်ဘုရားရှိခိုးကျောင်းရှေ့မှ မြို့လယ် လမ်းဆုံနာရီစင်အထိ တောင်ဇလပ်လမ်းတစ်လျှောက်ရှိ လမ်း‌မပေါ်နှင့် ရေနုတ်မြောင်းများမှ  စွန့်ပစ်အမှိုက် များအား  စုပေါင်း ကောက်ခဲ့ကြပြီး  စည်ပင်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပြင်အမှိုက်စွန့်ပစ်နေရာသို့  စနစ်တကျစွန့် ပစ်ခဲ့ကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)