ရမည်းသင်း နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ နိုဝင်ဘာ၂၀ ရက်ညနေ(၃)နာရီက သတင်းထောက်များ လိုက်နားမည့်အချက်(၁၀)ချက်ကိုစာဖတ်ဝိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးမှ ဝန်ထမ်းတစ်ဦး ချင်းအရည်အသွေးမြင့်မားစေရန်နှင့်ဦးစီးဌာန အနေဖြင့် ပြည်သူကိုသတင်းအမှန်ပြန်ကြား ပေးခြင်း၊ အများပြည်သူသိသင့်သည့် အကြောင်းအရာအချက်အလက် များကိုဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ များနှင့်ပူးပေါင်း၍ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးရသည့် ဌာနဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူးဒေါ်ခိုင်ဇင်ကဆရာမဒေါ်စိမ့်ရည်ထက်(Founder & CEO, Semma Vedas Institute)ပို့ ချသည့်သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စု မှသတင်းထောက် များလိုက်နာရ မည့်အချက် (၁၀)ချက်ကိုဖတ်ကြာပြီးခရိုင်ပြန်/ ဆက်ဝန်ထမ်းများမှတစ်ဦး ချင်းပြန်လည် ဆွေးနွေးကြ ကာခရိုင်ဦးစီးမှူး ကလိုက်နားရမည့်အချက် များအလေးထားလိုက်နာပြီး သတင်းများအချိန်မှီပေး ပို့ရေးရှင်း လင်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
ဇော်ဝင်းအောင်