မန္တလေး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သမဝါယမအသင်းစုနှင့် ကနေဒါနိုင်ငံ သမဝါယမ အဖွဲ့ချုပ်တို့ပူးပေါင်း ဆောင်ရွက်သည့် ငွေစုငွေချေးလုပ်ငန်းခွဲမှ အသင်းဝင် အသင်းများမှ အမှုဆောင်များဖြင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးဒေါ်စန်းဌေး မှ အားပေးစကား ပြောကြားကာ၊ ကနေဒါနိုင်ငံ ဌာနေကိုယ်စားလှယ် Ms.Renia က (Myanmar Finance Project) ကျွန်ုပ်၏ ဘဏ္ဍာရေး စီမံကိန်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ဘက်စုံစွမ်းဆောင်ရည်ဆု အသင်း(၁)သင်း၊ ချေးငွေအပြေအကြေ ပေးဆပ်နိုင်မှု အသင်းဆု (၁၁)သင်း၊ ခေါင်းဆောင်ကောင်းဆု (၁)ဦး၊ စုဆောင်းငွေ (၅)သိန်းအထက် စုဆောင်းသော ဆု(၇)ဦး၊ စုဆောင်းငွေ သတ်မှတ် ထားသည်ထက် ပိုစုသောဆု(၆)ဦး၊ အနာဂတ် ကလေးငယ်ဆု (ကလေး acc) (၇)ဆု၊ တိုးတက်ဘဝ(acc)ဆု (၁)ဆု တို့ကို တာဝန်ရှိ သူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို