ဝိုင်းမော် နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပညာရေးရုံးမှကြီးမှူး၍ မြို့နယ် ပညာရေး မိသားစုများမှ စုပေါင်းမဟာဘုံ ကထိန်ပွဲတော်ကို ယမန်နေ့ နံနက် (၉) နာရီက မိုင်းနားကျေးရွာ၊ မှန်ပြတောင်၊ သာသနာ့ အလင်းရောင် တောရကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှန်ပြတောင်ဆရာတော် ဦးကေသရ (ဓမ္မစရိယ) အမှူးပြုသောပင့်သံဃာတော်များ ကြွရောက်တော်မူ၍ မြို့နယ်ပညာရေးမှူး ဦးမွန်ကျော်မြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းလှ၊ အခြေခံကျောင်းအုပ်ဆရာ/ ဆရာမကြီး များနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်နာယူကြပြီး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်များထံ လှူဖွယ်ရာဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုပြီး ဘုရားကန်တော့ကာ ရုပ်သိမ်းလိုက်ပြီး ဆရာတော် သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီးစုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို သံဃာတော်၊ လူပုဂ္ဂိုလ် (၃၀)ဦးထက်မပိုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)