လယ်ဝေးမြို့တွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်

လယ်ဝေး နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့အတွင်းရှိ သီရိရတနာမြို့မဈေး၊ ဘုရားကြီး ယာယီပျံကျဈေး၊ သာဝတ္ထိဈေး၊ သပြေပင်ဈေး၊ အေလာဈေးနှင့် တောင်စဉ် အေးစစ်ဆေးရေးဂိတ်တို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများက မန်နေ့ နံနက်()နာရီမှ စ၍ နှာခေါင်းစည်း(Mask) (၄၅၀၀)ခန့် အခမဲ့ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခဲ့ ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းထိန်းသိမ်းရေး ယာဉ်စစ်အဖွဲ့တို့ ပူးပေါင်း၍ လယ်ဝေးမြို့နယ်အတွင်းရှိ ဈေးနှင့်ဂိတ်တို့၌ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း  ပြည်သူများအနေဖြင့် တတ်နိုင်သမျှအိမ်ထဲမှာ နေပေးကြရန် ပြောကြားခဲ့သည်။ လယ်ဝေးမြို့နယ်အတွင်း ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၅၉)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)