ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှင်ဗွေယန်       နိုဝင်ဘာ    ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ၊ ကြိုတင်၊ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  နံနက် ၁၁ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်အောင်က ကိုဗစ်-၁၉ ရောဂါ၊ ကြိုတင်၊ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ ဆောင်ရွက်နိုင်ရေး ဌာနအလိုက် ပူးပေါင်း ဆောင်ရွက် ကြရန်နှင့် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သူထက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပူးပေါင်း ကျန်းမာ ရေး စစ်ဆေးရေးဂိတ်တွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 လင်းသွယ်ဦး(ပြန်/ဆက်)