ကာလိမြို့၌ “A” အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကာလိ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ရှိ  “A” အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင် များကို  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက်  ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲ အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များသည် ကိုဗစ်-၁၉ ကာလအတွင်း (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိပြီး  ယခုအခါ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော “A” အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များကို ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အကုန်တွင်  ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ စည်ပင်သာယာရေး ဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ ကျန်းမာရေးဝန်ထမ်း များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်၊ တားဆီးရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ ပြန်/ဆက်)