လေးမျက်နှာမြို့နယ်တွင် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး

လေးမျက်နှာ  နိုဝင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ  ပြန်လည်ဖွင့်လှစ် နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့  ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူ ဦးဆောင်၍ ဒုရဲအုပ် ဝင်းလွင်မိုး ၊ မြို့နယ်စည်ပင်သာယာရေးအ ဖွဲ့၊ မြို့ နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ် မီးသတ် တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် စားသောက်ဆိုင် များ၊ လ္ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)