မိုင်းနောင် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပြင်ဆင် ထားရှိမှု ရှိ/မရှိ ကို ယမန်နေ့ ညနေ(၃) နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မျိုးမင်းခိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုး ၊ မြို့နယ်ခွဲ စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ခံ ဦးအောင်သက်ပိုင်နှင့် တာဝန်ရှိသူ များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ် ချက်များနှင့်အညီ စားသောက်ဆိုင်များတွင် ပြင်ဆင် ထားရှိရမည့် အချက်များ၊ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေး လုပ်ငန်းများ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြင်ဆင် ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယခုကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များအား သက်ဆိုင်ရာတာဝန်ရှိသူများက ထပ်မံစစ်ဆေး၍ ကျေနပ်မှုရှိမှသာ ဖွင့်လှစ်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းနောင် ပြန်/ဆက်