တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ကွင်းဆင်းစစ်ဆေး

တာချီလိတ်   နိုဝင်ဘာ    ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဉီးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များကို ယမန်နေ့က ရှောင်တခင် သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ရှောင်တခင် သွားရောက်စစ်ဆေးရ ခြင်းမှာ Covid-19 ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အစီအစဉ်အရ ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ထားပြီး ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကို သွား ရောက် စစ်ဆေးခြင်းဖြစ်ပြီး ညွန်ကြားချက်များ၊ စည်းကမ်းချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြရန် သတိပေးခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ယခုကဲ့သို့ ရှောင်တခင် သွားရောက်စစ်ဆေးခြင်း၊ သတိပေးခြင်း အသိပညာပေးခြင်းများကို ရပ်ကွက်များ တွင် ထပ်မံပြုလုပ်သွားရန်ရှိကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

ယာဆေး(ပြန်/ဆက်)