ကန်ပိုက်တီ နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီတွင် Mask Campaign ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတောင်ဇင်အောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ volunteer အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူအများ သွားလာရာ မြန်မာ-တရုတ် ချစ်ကြည်ရေး ကုန်သွယ်းလမ်းမကြီးပေါ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းရှေ့ လမ်းသွား/လမ်းလာ မိဘပြည်သူ များနှင့် လူစည်ကားရာနေရာဖြစ်သည့် မြို့ဈေးတန်းရှိ ဈေးရောင်း/ ဈေးဝယ်များအား Mask အခုရေ (၂၀၀၀)ကျော် အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
KO Z (မြို့ ပြန်/ဆက်)