မြဝတီမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားသောက်ကုန်များလှူဒါန်း

မြဝတီ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်() ရပ်ကွက်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အဆင်ပြေ စေရန် မြဝတီမြို့ အမှတ် () ရပ်ကွက်ရှိ မောရဝတီလမ်းနေ အလှူရှင် ကိုချစ်စနှင့်ဇနီးမ လွင်လွင်မျိုးတို့က ယနေ့ နံနက် ၉ နာရီအချိန်က  လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ အလှူရှင်ကိုချစ်စကဒီနေရာမှာ လူဦးရေတွေ ထူထပ်တယ်၊ ကိုဗစ်ကာလမှာ အလုပ်ရုံတွေလည်းပိတ်ထားတယ်၊ လူဦးရေတွေများတဲ့အတွက် လှူဒါန်းဖို့အတွက် ရည်စူးထားခဲ့တယ်၊ အခုက အမျိုးသမီး ကလည်း မွေနေ့ဖြစ်တဲ့အတွက် အခုလိုလှူဒါန်း ခဲ့ခြင်းဖြစ်တယ်လိုပြောကြားခဲ့သည်။

လှူဒါန်းမှုကို အလှူရှင် ကိုချစ်စနှင့် ဇနီးမလွင်လွင်မျိုးတို့က  မြဝတီမြို့အမှတ်() ရပ်ကွက်ရှိ အိမ်ထောင်စု ၃၈၅ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ပြည်၊ ဆီတစ်လီတာ ဘူး၊ ကြက်ဥ ၁၀ လုံးနှုန်းဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်