ဟိုမိန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ဖြစ်မလာစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းသူများ၊ လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးရှေ့နှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ဟိုမိန်းကျေးလက် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြစေရန် ဒေသခံပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြည်သူများသိရှိရန် Hand Speaker ဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)