ရေဖြူ နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် နေရပ်ပြန်စောင့်ကြည့်ရေးစခန်းအတွက် အသုံးပြုရန် လူနာတင်ယာဉ် (Ambulance) တစ်စီး ဝယ်ယူနိုင်ရေး ယမန်နေ့က ကံပေါက်ရွာ ကိုဗစ်_၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီက အလှူရှင်များက လှူဒါန်းသော အလှူငွေများ လက်ခံလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာ ဦးစံကြည် ဒေါ်မီးငယ်(လှည်းကုန်း)က ငွေကျပ်တစ်သိန်း၊ ဦးကြီးမြင့်မိသားစု (ခိုင်သဇင်ရပ်ကွက် )က ငွေကျပ်နှစ်သိန်း ၊ ဦးတင်ဦး +ဒေါ်ချိုချိုဝင်း မိသားစု၊ဦးအောင်မြင့် + ဒေါ်စန်းရင် မိသားစု (ခိုင်သဇင် ရပ်ကွက်)၊ ဦးခင်ဇော်+ဒေါ်နွဲ့ရီ မိသားစု (မိကျောင်းအိုင်)၊ ကိုဇင်ကိုကို + မစိန်စိန်မြင့် မိသားစု (သီရိမင်္ဂလာရပ်ကွက်)၊ ဦးသီလှိုင်+ဒေါ်လှဝင်း၊ကိုလားဖြူ+မစန်းကြူ မိသားစု၊ ကိုလှမိုး+ မမိုးဦး မိသားစုက ငွေကျပ်တစ်သိန်းစီကို ပေးအပ်လှူဒါန်းရာ ကံပေါက်ရွာ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြောင်း သိရသည်။
ကံပေါက်ရွာတွင် နိုင်ငံခြားနှင့် ပြည်တွင်းနေရပ်ပြန် စောင့်ကြည့်ရေးစခန်းတွင် အမျိုးသား (၅၁)ဦးနှင့် အမျိုးသမီး (၄၁)ဦးတို့ ရှိပြီး ယနေ့အချိန်ထိ ပိုးတွေ့လူနာ မရှိသေးကြောင်း သိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)