ပုသိမ်မြို့ ပပ၀တီ ၈ လမ်းတွင် မုန့်ပေါင်း ပေါင်းရာမှ မီးလောင်မှုဖြစ်ပွား

ပုသိမ်  နို၀င်ဘာ    ၂၂

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ၅ ရပ်ကွက်၊ ပပဝတီ ၈ လမ်းရှိ နေအိမ်တစ်လုံး ယနေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က မုန်ပေါင်း ထပေါင်း ရာမှ  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုန်ပေါင်းဖိုပေါ်တွင် ထင်းများ ကြပ်တင်ထားရာမှ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ရာ နေရာသို့  ဧရာဝတီတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး အထောက်အကူပြုယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ တပ်ဖွဲ့ဝင်များ၊ အမှတ် ၅ ရပ်ကွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၁၈ ပေ ၂၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့်  မီးလောင်မှု စတင်ဖြစ်ပွားသည့် အိမ်ပိုင်ရှင်အား ပုသိမ်နယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)