ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ /မရှိ စစ်ဆေး

ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များအား လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ မြို့နယ်အတွင်း လိုက်လံစစ်ဆေးခဲ့သည်။

စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်း ရှိ /မရှိ၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/ မရှိ၊ မျက်နှာအကာ Face Shield များ တပ်ဆင်ခြင်း ရှိ /မရှိ၊ ခြောက်ပေခြားထားခြင်း ရှိ/မရှိ၊ လက်ဆေးဘေစင်ထားရှိခြင်းရှိ/မရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များ လိုက်နာမှု ရှိ/မရှိ စသောအချက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံ စစ်ဆေးခဲ့သည်။

အဆိုပါအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ပညာရေး၊ မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ(ပြန်/ဆက်)