မိုင်းရယ် နိုဝင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မိုင်းရယ်မြို့နယ်အတွင်း စားသောက်ဆိုင်များအား လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခဲ့ပါသည်။ ယမန်နေ့ ညနေပိုင်းက အဆိုပါစားသောက်ဆိုင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းစိုးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ စစ်ဆေးမှုမှာ Stay at Home သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး (A)အဆင့် သတ်မှတ်ခြင်းခံရသော ဆိုင်များအား နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်