မိုင်းပန် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုင်းပန်-နောင်လေ-မိုက်ပုတ် (ပန်ပိ)မြေသားလမ်း (၃၆) မိုင်အတွင်း၌ ကတ္တရာလမ်း (၂) မိုင်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာသို့ တာဝန်ရှိသူများမှ ယနေ့ နံနက် (၈) နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကတ္တရာလမ်းခင်းခြင်းအား နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ထူးပြည့်သာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ) မြေသားလမ်း (၃၆) မိုင်အနက် မိုင်းပန်မြို့အထွက်နှင့် နောင်လုံကျေးရွာအထိ (မိုင်တိုင်အမှတ် (ဝ/ဝ)မိုင်မှ (၂/ဝ) မိုင်) အား ကတ္တရာလမ်း (၂) မိုင်းခင်းမည်ဖြစ်ကြောင်း၊ လမ်းအကျယ်အနေဖြင့် ကတ္တရာထပ်ပိုလွှာခင်းခြင်းအကျယ် (၁၂) ပေ၊ (၃) လက်မထု ဖြစ်ပြီး လမ်းနှင့်တွဲလျက် ရေမြောင်းတစ်ဘက်လျှင် (၃)ပေဖြင့် စုစုပေါင်း (၆)ပေအကျယ်၊ လမ်းပခုံးတစ်ဘက်လျှင် (၄)ပေဖြင့် စုစုပေါင်း (၈)ပေအကျယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မည့်နေရာသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)