နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ(၄၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများ နှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

 

နမ္မတူ   နိုဝင်ဘာ   ၂၂

Dan Churchaid Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊    နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ‌ ပေးအပ်ရာတွင်  မိတ်ဆွေကောင်းလူမှု ကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီ တို့က နိုဝင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် နမ္မတူမြို့နယ် နမ္မတူရပ်ကွက် နယ်မြေ(၁)ရှိ မသန်စွမ်း (၅)ဦး၊ နမ္မတူရပ်ကွက် နယ်မြေ(၂)ရှိ မသန်စွမ်း (၄)ဦး၊ နမ္မတူရပ်ကွက် နယ်မြေ(၅)ရှိ မသန်စွမ်း (၆)ဦး၊ နမ္မတူရပ်ကွက် နယ်မြေ(၇)ရှိ မသန်စွမ်း (၄)ဦး၊ ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မသန်စွမ်း (၂)ဦး၊ ပိန်းလောင်းကျေးရွာရှိ မသန်စွမ်း (၄)ဦး၊ ဆိုင်ဂျာကျေးရွာရှိ မသန်စွမ်း (၄)ဦး၊ မန်မွန်းကျေးရွာရှိ မသန်စွမ်း (၃)ဦး၊ နမ္မလကျေးရွာရှိ မသန်စွမ်း (၄)ဦး၊ နမ့်ပါလေကျေးရွာရှိ မသန်စွမ်း (၆)ဦး၊ ပန်ဝိုးကျေးရွာရှိ မသန်စွမ်း (၂)ဦး၊ ဆိုက်ခေါင်ကျေးရွာရှိ မသန်စွမ်း (၃)ဦး၊ စုစုပေါင်း မသန်စွမ်းသူ (၄၇)ဦးအား   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တစ်ဦးလျှင် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဘူး (၁)ဘူး‌၊ Spray (100ml)ဘူး (၁)ဘူးနှင့် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁၀)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဘူး (၁၀)ဘူး၊ Spray (100ml)ဘူး (၁၀)ဘူးနှင့် ထောက်ပံ့ငွေကျပ် (၉၄၀၀၀၀)အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ (၂၉၇)ဦးရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မသန်စွမ်းသူ (၁၀)ဦး၊ နိုဝင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက် နေ့တွင် (၄၇)ဦး စုစုပေါင်းမသန်စွမ်း (၅၇)ဦးအား ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မသန်စွမ်းသူ အားလုံး  အကျိုးခံစားခွင့် ရရှိစေရေး အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီထံမှ သိရသည်။

လူမော် (ပြန်/ဆက်)