မိုင်းရှူးမြို့နယ်၊ ပန်စွဲအခြေခံပညာမူလတန်း (မူလွန်) ကျောင်း၏ ၂၀၁၉-၂၀၂ဝပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

မိုင်းရှူး  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲအခြေခံပညာမူလတန်း (မူလွန်) ကျောင်း၏ ၂၀၁၉-၂၀၂ဝ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု  ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက ပန်စွဲ၊ အခြေခံပညာမူလတန်း(မူလွန်) ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသိန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောလွင်နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်သန်းတို့က အမှာစကားပြောကြားပြီး ပန်စွဲ၊ အခြေခံပညာ မူလတန်း(မူလွန်)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ဝါက ပညာရေးစုံညီပွဲတော်၊ ဆုချီးမြှင့်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ထူးချွန်ဆု ရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စာစီစာကုံးနှင့် အားကစားထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် ငွေအား၊ လူအားဖြင့် ကူညီပံ့ပိုးပေးသူ များနှင့် ကျောင်းဝင်းတံခါးအတွက် လှူဒါန်းပေးသည့် ကျောင်းသားမိဘများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့သည်။ အခမ်းအနားသို့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသိန်းထွန်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောလွင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်  ရပ်မိရပ်ဖများ၊ ဆုရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်