မြောင်းမြမြို့၌ “A” အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြောင်းမြ  နိုဝင်ဘာ ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့ရှိ  “A” အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များကို  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များသည် ကိုဗစ်-၁၉ ကာလအတွင်း (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိပြီး ယခုအခါကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော “A” အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက် ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များကို ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ် ချက်များနှင့်အညီ ၂၀၂၀   ပြည့်နှစ် နိုဝင်ဘာလ အကုန်တွင်  ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပေးသွားမည် ဖြစ်ကြောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြောင်းမြ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ မြို့နယ် စည်ပင်သာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်/ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှအမှုဆောင်အရာရှိ  ဦးညွန့်ဝင်း  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁)  ဦးဇေယျာဝင်း  ၊ ခရိုင်ကြက်ခြေနီ  ကြီးကြပ်မှု ကော်မတီမှ အတွင်းရေးမှူး  ဦးစန်းဝင်း ၊ ပြန်/ဆက် ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုး၊ မီးသတ်ဦးစီးဌာနမှအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ တားဆီးရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)