ပင်လောင်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများနှင့် မျက်နှာကာများ တပ်ဆင် စေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးအတွင်း ယမန်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း ဈေးရောင်း/ဈေး ဝယ်များလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်း ခုဝယ်ခုတပ်ဆင် စေခြင်း၊ နှာခေါင်းစည်းများ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်း များကို မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)