တနိုင်း နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း များအား ပင်စင်လစာထုတ်ပေးခြင်းကို ယနေ့နံနက် (၇) နာရီအချိန်မှ စတင်ထုတ်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း၌ ကူးစက်ရောဂါပျံ့နှံ့မှု မရှိစေရေးအတွက် တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာ လာရောက်ထုတ်ယူသော အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပင်စင်လစာများကို စနစ်တကျထုတ်ပေးလျက်ရှိသည်။
တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် နိုဝင်ဘာလ (၂၃) ရက်နေ့၌ နံနက်(၇)နာရီမှ ညနေ (၃)နာရီအတွင်း အငြိမ်းစားဝန်ထမ်း (၂၇၀) ဦးကို ပင်စင်လစာများ ထုတ်ပေးသွား မည်ဖြစ်ပြီး တနိုင်းမြို့နယ်၌ အငြိမ်းစား ဝန်ထမ်းစုစုပေါင်း (၅၁၀)ဦးရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှ သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)