ထန်တလန် နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ထန်တလန်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေး ၊ မြို့မစျေးရှေ့တွင် စျေးသည် စျေးဝယ်များနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့လိုက်လံဖြန့်ဝေကာ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ သွားလာနေသူများ၊ စျေးသည် စျေးဝယ်ပြည်သူများအား မဖြစ်မနေနှာခေါင်းစည်း (Mask) များ တပ်ဆင်ရေး၊ နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ကြစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအား လိုက်နာ ဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ၊ ညွှန်ကြားချက်များကို အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အသိပေးကြေညာချက် ထုတ်ပြန်ခြင်း အစရှိသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေ့စဉ် အဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)