မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးတွေ့ရှိ

မိုင်းပန်  နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းအချိန် က ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် အတူနေမိသားစုဝင် (၆) ဦးဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးမှ တောင်ကြီးမြို့သို့ရောက်ရှိလာပြီး တောင်ကြီးမြို့တွင် (၁) ညအိပ်ကာ (၁၇) ရက်နေ့ ညနေ(၃)နာရီတွင် မိုင်းပန်မြို့သို့ ရောက်ရှိပြီးတပ်မတော်ဆေးရုံတွင် Hospital Quarantine ထားရှိခဲ့ပြီး ၎င်းတို့၏ နှာခေါင်း/အာခေါင်တို့အား နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ပေးပို့စစ်ဆေးရာ ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ ( positive)  လူနာဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကာ အမှတ်(၁၁) တပ်မတော်ဆေးရုံ (ခုတင် ၂၅) ၌ ဆေးကုသခံယူလျက်ရှိပြီး Contact Person တို့အား Hospital Qurantine ထားရှိထားပါကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ 

အိရွှေစင်လတ် (မိုင်းပန်၊ပြန်/ဆက်)