ဘိုကလေးမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Centerတွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၃၈)ဦးရှိ

ဘိုကလေး  နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နိုဝင်ဘာလအတွင်း၌ အသွားအလာ ကန့်သတ်ထားရှိရမည့် လူဦးရေပိုမိုများပြားလာခြင်းကြောင့် အမှတ်() အခြေခံပညာ အထက်တန်း ကျောင်း Facility Quarantine Center အား နိုဝင်ဘာ()ရက်နေ့မှ စတင်ဖွင့်လှစ် ထားရှိခဲ့ရာ ယနေ့ နံနက်ပိုင်းအထိ ၎င်း Center တွင် အသွားအလာ ကန့်သတ်ထားရှိသူဦးရေ (၁၃၈)ဦးရှိသည်။

အဆိုပါ Facility Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိမှု လုပ်ငန်း အောင်မြင်ရေးအတွက် ပညာရေး ဝန်ထမ်းများ၊ ရှေ့နေများ၊ လူငယ်မောင်မယ်များနှင့် ပြည်သူအချို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်းအဖြစ် နေ့/ည ဆောင်ရွက်လျက်ရှိကြောင်း၊ အသွားအလာကန့်သတ် ထားရှိသူများ၏ စားရေး/သောက်ရေးအား သုခဝေဖြာပရဟိတ ဖောင်ဒေးရှင်းနှင့် ကျော်ဇံဆရာတော် ဦးဆောင်သည့် မေတ္တာဝါဒီပရဟိတဖောင်းဒေးရှင်းတို့မှ လှူဒါန်းကြသည့်အပြင် အခြားအလှူရှင်များ မှလည်း လာရောက်လှူဒါန်းလျက်ရှိကြောင်း၊ အသွားအလာကန့်သတ် ထားရှိသူများ၏ လိုအပ်သည့် အခက်အခဲများအား စေတနာ့ဝန်ထမ်းများမှ ပေါင်းစပ်ညှိနှိုင်းကာ ဝိုင်းဝန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)