ဘုတ်ပြင်း နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီကအချိန်က လှုပ်လှုပ်ရှားရှား အားကစား အသိပညာပေး Talk Show ကျင်းပပြုလုပ်သည်။
အဆိုပါ လှုပ်လှုပ်ရှားရှားအားကစား အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်း က ကိုဗစ်-၁၉ ရောဂါကာလအတွင်း အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ကိုယ်လက်လှုပ်ရှား အစီအစဉ် ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြို့နယ်အနေဖြင့် ယခင်နှစ် ဒီဇင်ဘာ အားကစားလနှင့် ယခုနှစ် ဒီဇင်ဘာလူထုအားကစား ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပြည်သူများအနေဖြင့် မိမိနေအိမ်မှ ကျန်းမားရေးနှင့်ပတ်သက်၍ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ဆောင်ရွက်မှု အခြေအနေ များကို မေးမြန်းဆွေးနွေးခဲ့သည်။
မေးမြန်းဆွေးနွေးချက်များအပေါ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းဇော်က မိမိတို့ဌာနအနေဖြင့် တိုင်းဒေသကြီး၊ မြို့နယ်အလိုက် Online အားကစား ပြိုင်ပွဲများဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် နေအိမ် အတွင်း အားကစားပြုလုပ်နိုင်သည့် နည်းလမ်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)