ဆမီး နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ကြက်သွန်နီ ငပိ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က အထကကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဆား(၃၀)အိတ်နှင့် ငါးပိ(၂၆)ဖါအား (Matupi University Students Fellowship) အလှူရှင်အဖွဲ့မှ လှူဒါန်းတာဖြစ်ပြီး ကြက်သွန်နီနှင့် ကုလားပဲများသည် အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းတာဖြစ်ပြီး တိုက်ပွဲရှောင် အိမ်ထောင်စု (၈၁၈)စုနှင့် လူဦးရေ(၃၃၇၃)ဦး တို့အတွက် ထောက်ပံ့ပေးအပ် တာဖြစ်ကြောင်း တိုက်ပွဲရှောင် အလှူဘဏ္ဍာရေး၊ လက်ခံရေးနှင့် ဖြန့်ချီရေးဥက္ကဋ္ဌ ဦးပါမောင်က ပြောကြားခဲ့သည်။
လဲ့လဲ့ခိုင်(ဆမီး)