ဆမီး နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၌ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speakerနှင့် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါရေ (၃၀၀)လီတာဆံ့ ရေတိုင်ကီများသည် ဆမီးမြို့ရှိတိုက်ပွဲရှောင် အခန်း(၄)ခုအတွက် (၁၄)လုံး၊ ဆမီးမြို့အတွက် (၂)လုံးစုစုပေါင်း (၁၆)လုံး၊ Hand Speaker(၁၄)ခုအား တိုက်ပွဲရှောင်စခန်းနှင့် ဆမီးမြို့အတွက် (၂)ခု စုစုပေါင်း (၁၆)ခုနှင့် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော လက်ဆေးဘေစင်(၁၆)ခု၊ အပူချိန်တိုင်း ကိရိယာ(၁၆)ခု၊ Hand gel(၁၆)ဗူးတို့အား U Haid နှင့် ကျန်းမာခြင်းနှင့် မျော်လင့်ခြင်းအဖွဲ့အစည်းတို့မှ ဒေါက်တာ ဆာဆာနှင့် ဗြိတိန်ပြည်သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ လှူဒါန်းထားခြင်း ဖြစ်ကြောင်း၊ လိုင်လင်းပီမြို့နေ Health&Hope အဖွဲ့အစည်းမှ တာဝန်ရှှိသူ ဦးခိုင်ဟေးက ပြောကြားခဲ့သည်။
လဲ့လဲ့ခိုင်(ပြန်/ဆက်)