ဘုတ်ပြင်းမြို့နယ်၌ စားသောက်ဆိုင်များ ပြန့်လည်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီးနိုင်ရေး လူစုလူဝေးမဖြစ် ပေါ်စေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေလျက်ရှိရာ အဆိုပါစားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား ပြန်လည်ရောင်းချနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့က ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် Stay at Home သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာရေးဆီးရေးဆိုင်ရာ စံသတ်မှတ်ချက် များနှင့်ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်းခံရသည့် ဆိုင်များအား နိုဝင်ဘာလကုန်တွင် ပြန်လည်ရေးဖွင့်လှစ် ခွင့်ပြုနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)