ကော့သောင်း နိုဝင်ဘာ ၂၃
ကလေးသူငယ်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်တန့်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ CSO အဖွဲ့အစည်းများဖြစ်သည့် World Vision (ကော့သောင်း) နှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုအစီအစဉ်တွင် ကော့သောင်းခရိုင် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးအောင်က ကိုဗစ် - ၁၉ ကာလအတွင်း ကလေးသူငယ်များအား အကြမ်းဖက်မှု ပြုနိုင်သည့် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း အမျိုးအစားနှင့် အကြမ်းဖက်မှု အခြေအနေများ၊ အကြမ်းဖက်မှုဖြစ်စဉ်များ မဖြစ်ပွားရေး ရပ်ရွာ များအတွင်း အသိပညာပေး ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်းကောင်း၊ ဆက်လက်၍ ဝေါဗီရှင်းမြန်မာ(ကော့သောင်း) မှဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာ ဒေါ်ဒီဘိုးရာက မိမိတို့ အဖွဲ့အစည်းအနေဖြင့် ကလေးသူငယ်များအား အကြမ်းဖက်မှု ဖြစ်စဉ်များ ရပ်တန့်ရေး စီမံဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အကြမ်းဖက်မှုများ အပါအဝင် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများအား မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ကော့သောင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီအေးက ကိုဗစ် - ၁၉ ကာလအတွင်း ကလေးသူငယ်များအား ကြမ်းဖက်ခံရခြင်းရှိလာပါက ဦးစီးဌာနအနေဖြင့် စီမံ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါ အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ကာလအတွင်း အများပြည်သူသိရှိ လေ့လာနိုင်ရန် အွန်လိုင်းမှတဆင့် ကော့သောင်းခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် IPRD Kawthaung လူမှုကွန်ယက် စာမျက်နှာများတွင် လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)