မယ်စဲ့ နိုဝင်ဘာ ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှု ရှိ / မရှိကို ယနေ့နံနက်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း၊ မြို့မစခန်းမှူးဒုရဲမှူးဇော်မိုးဝင်းနှင့် ဌာနဆိုင်ရာများက မယ်စဲ့မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား (A)အဆင့် နှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ လိုက်လံ စစ်ဆေးခဲ့ပြီး ဆိုင်အဝင်အထွက်တွင် လက်ဆေးစရာနေရာများ ပြင်ဆင်ထားရန်၊ ရောင်းချ သူများ အနေဖြင့် ပါးစပ် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield) တပ်ဆင် ရောင်းချရန်၊ ဆိုင်ထိုင်စားသောက်သူများအား (Mask) တပ်ဆင်စေပြီးမှသာ ဆိုင်ထဲသို့ ဝင်ရောက်ခွင့်ပြုရန်နှင့် အစားအသောက်များကို စနစ်တကျသန့်ရှင်းသပ်ရပ်စွာ ရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝတ်ရည်(ပြန်/ဆက်)