ကရသူရိ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက လူငယ်/ လူရွယ်များဖြစ်သည့် ကျောင်းသား/သူများသည် ဗဟုသုတများပြည့်စုံပြီး ထူးချွန်သူများဖြစ်ရန် လိုအပ်ကြောင်း၊ ထိုသို့ပြည့်စုံရန်အတွက် စာအုပ်/ စာပေများဖတ်ရှုရန်နှင့် အမြဲလေ့လာ ဆန်းသစ်တီထွင်နေတတ်ရန်လည်း လိုအပ်ကြောင်းဖြင့် စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် လူငယ်ဆိုင်ရာအသိပညာပေး ပြဘုတ်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်ဘုတ်တို့ကို ရှင်းလင်းပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မြို့ပြန်/ဆက်