တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ဆောင်ရွက်ပေး

တီးတိန်  နိုဝင်ဘာ ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ကိုးရီးယား သမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန Climate Change Center (CCC) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းကျေးရွာဖြစ်သော ဆွောင်းဇန်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်ဒေါ်လာ (၂၀၀၀၀) နှင့် ညီမျှသော မြန်မာငွေကျပ် (၂၆၃ ဒသမ ၄) သိန်း ဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ၅ ရာခိုင်နှုန်း၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၄၅ ရာခိုင်နှုန်းနှင့် ဝင်ငွေတိုးပွားရေးအတွက် ၅၀ ရာခိုင်နှုန်းဖြင့် ဝဥစိုက်ပျိုးခြင်း၊ ဝက်မွေး မြူခြင်းနှင့် ကျေးရွာတွင်းလမ်း (၆၀၀ ပေ × ၁၀ ပေ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

ဆွောင်းဇန်ကျေးရွာတွင် အိမ်ထောင်စု (၂၀၃)စုနှင့် လူဦးရေစုစု ပေါင်း(၁၂၃၃)ဦး နေထိုင်ပြီး အဆိုပါ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းအား ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရေး မြို့နယ်အဆင့်ကော်မတီများ၊ ကျေးရွာအဆင့် စီးမံကိန်း ကော်မတီများ၊ မြို့နယ်စိုက်ပျိုး ဦးစီးဌာနနှင့် ကျေးရွာနေ ပြည်သူများပူးပေါင်း၍ လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း တီးတိန်မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလျန်းကော့ပ်ဇထပ် ထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)