ကန်ကြီးထောင့် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အုတ်စီကုန်းကျေးရွာရှိ ဧရာပုသိမ် ကုမ္ပဏီခန်းမ၌ T.E.T ကုမ္ပဏီမှ Solor Pump ဖြင့် ရေတင်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် တက်ရောက်ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ရေတင်ခြင်းသရုပ်ပြပွဲ အခမ်းအနားတွင် T.E.T ကုမ္ပဏီမှ မန်နေဂျာ ဦးထွန်းရီမှ အဖွင့်ကြိုဆို နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် စွမ်းအင်၊ဆက်သွယ်ရေးနှင့် စက်မှုလက်မှု၊ ဆောက်လုပ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး T.E Tကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်မိုးဦးက ဆိုလာစွမ်းအင်သုံးဆိုင်ရာ၊ နည်းပညာ ပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သူများက T.E.Tကုမ္ပဏီက ဆိုလာပန့်များဖြင့် ရေတင်ခြင်း လက်တွေ့သရုပ်ပြပွဲကို ကြည့်ရှုခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက တောင်သူများသိလိုသည့် အချက်အလက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)