ရွာသစ် နို၀င်ဘာ၊ ၂၃
ကယားပြည်နယ်၊ ဘောလခဲခခရိုင်၊ ရွာသစ်မြို့၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ထားရှိသော ပဲသီစိမ်း သီးနှံများ ရင်မှည့်နေပြီဖြစ်၍ ယနေ့နံနက်ပိုင်းက စတင်ကာ တောင်သူများ စတင် ဆွတ်ခူးနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်းပဲသီစိမ်း ဆွတ်ခူးရာတွင် တစ်ဧက စိုက်ခင်းတစ်ခင်း ပဲတီစိမ်းကောက်သမ တစ်ဦးလျှင် နေ့စာ လုပ်အားခ ၅၀၀၀ ကျပ် ပေးရကြောင်း ပဲတီစိမ်းများ ဆွတ်ခူးပြီး နေပူလှန်းကာ အစေ့ထုတ်ပြီး လွိုင်ကော် မြို့ပေါ်သို့ သွားရောက် ရောင်းချရကြောင်း ပဲတီစိမ်း ေဈေးကောင်းရရှိဖို့ကို မျှော်လင့် ကြောင်း ပဲတီစိမ်းစိုက် တောင်သူတစ်ဦးက ပြောကြားသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)