ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ထန်တလန်  နိုဝင်ဘာ  ၂၃

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်  ၂ ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေရာတွင် မော်တော်ဆိုင်ကယ်နှင့်  မော်တော်ယာဉ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများအပါအဝင် ဒေသခံများအား နှာခေါင်းစည်း (Mask) (၁၀၀) ခုကို အခမဲ့ဖြန့်ဝေခဲ့ကြပြီးနောက်  နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ခါသုံး နှာခေါင်းစည်း (Mask) တစ်ခုကို အကြိမ်ကြိမ် အသုံးမပြုမိစေရန်၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများ လိုက်နာကြရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး လုပ်ငန်းများ လည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)